ရေဖြူမြို့နယ်၊‌ ကလိန်‌အောင်နှင့် ကံပေါက်ဒေသတွင် ရှေ့ဦးသူနာပြု ကြက်‌ခြေနီသင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့နယ်၊‌ ကလိန်‌အောင်နှင့် ကံပေါက်ဒေသတွင် ရှေ့ဦးသူနာပြု ကြက်‌ခြေနီသင်တန်း ဖွင့်လှစ်ပို့ချလျက်ရှိ





MNP ၊ ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရေဖြူမြို့နယ်  ကြက်ခြေနီအသင်းက ဦးဆောင်၍ ရှေ့ဦးသူနာပြု ကြက်ခြေနီသင်တန်းကို  ကလိန်အောင်နှင့် ကံပေါက်ဒေသတွင် ဖွင့်လှစ်ပို့ချလျက်ရှိ‌ကြောင်းသိရ သည်။


အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊  ရှေးဦးပြုစုခြင်းဆိုင်ရာ သဘောတရားများ၊ COVID-19 လူနာများအား ရှေးဦးပြုစုခြင်း၊ မိသားစုပြန်လည်ဆက်သွယ်ခြင်း၊ ကျောရိုးဒဏ်ရာရှိသူ ပြုစုခြင်း၊ လူနာသယ်ဆောင်နည်းစသည့် ဘာသာရပ်တို့ကို ရေဖြူမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင် နည်းပြ(၄) ဦးဖြင့် ပို့ချလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းများမှာ ဖေဖော်ဝါရီ(၂၀) ရက်မှ (၂၄) ရက်နေ့အထိ (၄) ရက်တာကြာမြင့်မည်ဖြစ်ပြီး ကလိန်‌အောင်ဒေသနှင့် ကံပေါက်ဒေသတို့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း ရှိကြောင်းသိရသည်။


သတင်း - ခတ္တာ(ရေဖြူ)

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)