ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂) ကျင်းပ




MNP - ဖေဖော်ဝါရီ     ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂)အား Online Zoom Meeting System  ဖြင့် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီး ၌ အိုမီခရွန်ရောဂါပိုး စတင်ဝင်ရောက်လျက်ရှိပြီး ကိုဗစ်(၁၉)ရောဂါပိုး တွေ့ရှိမှုများ အနည်းငယ် မြှင့်တက်လာ ပြီဖြစ်၍ ကာကွယ်ဆေးထိုးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ်သလို ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူတစ်ဦးချင်အလိုက် ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ သွားလာနေထိုင်နိုင်ရေး အသိပညာပေးခြင်း များ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဆေးရုံများတွင် ကိုဗစ်(၁၉)နှင့် ပတ်သက်၍ ပြန်လည် ဖြေကြားပေးနိုင်ရေး HotLine နံပါတ်များ မကြာမီရရှိမည်ဖြစ်၍ ပြည်သူများသိရှိ ဆက်သွယ်နိုင်ရေး ထုတ်ပြန် ပေးသွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများမှလွှဲ၍ ကျန်သည့် ဘာသာရေးအဆောက်အဦများ၊ အားကစား ခန်းမများ၊ မြို့တော် ခန်းမများ၊ သင်တန်းဆောင်များနှင့် Covid ကုသရေး စင်တာနှင့် Community Based Facility Quarantine (CBFQ) များ အသင့်ဖြစ်နိုင်ရေး စီစဉ်ဆောင်ရွက် ထားရန်၊ နေရပ်ပြန်မြန်မာနိုင်ငံသား များအား ကိုဗစ်(၁၉)ရောဂါ စစ်ဆေးမှုများ စနစ်တကျဆောင်ရွက်ရန်၊ လူအစုအလိုက် အပြုံလိုက် ရောဂါပိုး ကူးစက်နိုင်သည့် နေရာများအား ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးသွားရန်နှင့် ကိုဗစ်(၁၉)နှင့် ပတ်သက်၍ စာရင်းဇယား အချက်အလက်များ မှန်မှန်ကန်ကန် စနစ်တကျ ပြုစုထားရှိရန် ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်(၁၉)ရောဂါတွေ့ရှိမှုနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုက တပ်ရင်းတပ်ဖွဲ့များရှိ Covid ကုသရေးစင်တာနှင့် Community Based Facility Quarantine (CBFQ) များ ပြင်ဆင်ထားရှိမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တည်ဆောက် ပေးထားသည့် အမှတ်(၃)စစ်မြေပြင် ဆေးတပ်ရင်းရှိ Oxygen Plant အား အသင့်အနေအထား ဆောင်ရွက် ထားမှုအခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ကော်မတီအဖွဲ့ဝင်များက ကိုဗစ်(၁၉) ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ မော်တော်ယာဉ်များ စုဖွဲ့ထား ရှိရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အကြံပြုချက်များအား တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ပေါ်ရှိ Covid ကုသရေး စင်တာနှင့် Community Based Facility Quarantine (CBFQ) များ ပြင်ဆင်ထားရှိမှု၊ Oxygen Plant လည်ပတ်နေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေ၊ ကြက်ဥနှင့် အချိုရည်များ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - ဝဏ္ဏမောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)