အင်္ဂပူမြို့၌(အဋ္ဌမအကြိမ်)မြောက်သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်္ဂပူမြို့၌(အဋ္ဌမအကြိမ်)မြောက်သံဃနာယကအဖွဲ့ အနားယူအစားထိုး ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား ကျင်းပ



MNP - ဖေဖော်ဝါရီ    ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်မြို့နယ်သံဃနာယက ရွေးချယ်ဖွဲ့စည်းမှုကြီးကြပ်ရေးအဖွဲ့မှ ဦး ဆောင်၍ အဋ္ဌမအကြိမ်မြောက်အင်္ဂပူမြို့နယ် သံဃနာယကအဖွဲ့ အနားယူအစားထိုးရွေးချယ်ပွဲကို ဖေဖော်ဝါရီ(၂) နံနက်(၉)နာရီ အချိန်ကအင်္ဂပူမြို့နယ်၊ ဇေယျသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည်။

ပထမဦးစွာကြွရောက်လာကြသောဆရာတော်သံဃာတော်များနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ"နမောတဿ"(၃)ကြိမ် ရွတ် ဆိုကြပြီး အစည်းအဝေးစတင်ခဲ့ပြီးနောက် အခမ်းအနားမှူးဆရာတော်ကအစည်းအဝေးသို့မြို့နယ်သံဃာဝန်ဆောင်ဆရာတော် (၇၅)ရာခိုင်နှုန်း တတ်ရောက်သဖြင့် အစည်းအဝေးထမြောက်အောင်မြင်ကြောင်း ကြေညာပါသည်။

အဆိုပါအဌမအကြိမ်မြောက် သံဃနာယကအဖွဲ့အနားယူအစားထိုးရွေးချယ်ပွဲ အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဘုန်တော်ကြီးကျောင်းများမှ သံဃာတော်(၆၅)ပါး ကြွရောက်တော်မူကြပြီး မြို့နယ်သံဃနာယကအဖွဲ့ရွေးချယ်အဖွဲ့မှ သံဃနာယက လုပ်ထုံးလုပ်နည်းများနှင့်အညီ ရွေးချယ်ကြရာ ယခင်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဟောင်း ဇေယျသုခကျောင်းဆရာတော် ဘဒ္ဒန္တရေဝတဓမ္မဥက္ကဋ္ဌ၊ စန္ဒာရုံကျောင်းဆရာ တော်ဘဒ္ဒန္တမဏ္ဍလဒုဥက္ကဋ္ဌနှင့်အကျိုးတော်ဆောင်၊ တွဲဖက်အကျိုးတော်ဆောင်နှင့် အဖွဲ့ဝင်(၁၁)ပါးတို့ဖြင့် အသစ်ပြန်လည် ရွေးချယ်ဖွဲ့စည်းခဲ့ကြကြောင်း သိရှိရသည်။

ယင်းနောက် သဘာပတိဆရာတော်ကနိဂုံးချုပ်ဩဝါဒကထာမြွက်ကြားပြီး အခမ်းအနားအား"ဗုဒ္ဓသာသနံစိရံတိဋ္ဌတု"(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားပြီးမြောက်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)