မွန်ပြည်နယ်တွင် ရိုးရာခြင်းလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်တွင် ရိုးရာခြင်းလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ



MNP - ဖေဖော်ဝါရီ    ၁၇

မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား    (၁၀)မြို့နယ် ရိုးရာခြင်းလုံး ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဖက်တန်းရပ်၊ ပြည်နယ်အားကစားခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆုချီးမြှင့်ပွဲ မစတင်မီ ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့်အသင်းမှ သရုပ်ပြပေးမှုကို ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများက ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ရာ မွန်ပြည်နယ် ဥပဒေချုပ် ဦးမြင့်အောင်က အကောင်းဆုံးအားကစားသမား ဆုရရှိသည့် သထုံမြို့နယ်အား လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးသက်နိုင်က စတုတ္ထဆုရရှိသည့် သံဖြူဇရပ်မြို့နယ်အား လည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က တတိယဆုရရှိသည့် မုဒုံမြို့နယ်အား လည်းကောင်း၊ စီးပွားရေးရာဝန်ကြီး နိုင်လယိတမက ဒုတိယဆုရရှိသည့် သထုံမြို့နယ်အား လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများကို ချီးမြှင့်ပေးကြပြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပထမဆုရရှိသည့် မော်လမြိုင်မြို့နယ်အသင်းအား ငွေသားဆု၊ ဆုတံဆိပ်နှင့် တံခွန်စိုက်ဒိုင်းဆုကို ချီးမြှင့်ပေးအပ်ခဲ့သည်။

မြန်မာ့အားကစားနည်းဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်စေရန် နိုင်ငံတော်မှ အဆင့်မြှင့်တင် ဖော်ဆောင်ပေးလျက်ရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့မှလည်း ပြည်နယ်ဂုဏ်ဆောင် အားကစားသမားကောင်းများ မွေးထုတ်ပေးခြင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အားကစားကွင်းနှင့် အားကစားဥယျာဉ်များ တည်ဆောက်ပေးကာ လူငယ်နှင့် အားကစားကဏ္ဍကို အထူးအလေးပေး ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဇာဖြူဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)