နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများ လုပ်ငန်းညှိနှိုင်းဆွေးနွေး



MNP - ဖေဖော်ဝါရီ    ၂၈ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်/ကျေး စာရေးများ လုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

ဆွေးနွေးပွဲ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးက အဖွင့်အမှာစကားပြောကြားရာတွင် ရပ်/ကျေးနှင့်ဌာနဆိုင်ရာများ ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စများကို တစ်ချိန်းတည်းဆွေးနွေး ညှိနှိုင်းနိုင်စေရန်အတွက် လကုန်အစည်းအဝေး၌ ဌာနဆိုင်ရာများကိုပါ ဖိတ်ကြား၍ တက်ရောက်စေခြင်း ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ နေ့စဉ်တွေ့ရှိနေရမှုအပေါ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်/ဆက်ဌာနတစ်ခုတည်း ဆောင်ရွက်နေခြင်းထက် ရပ်/ကျေးများကပါ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုး၏  မဲစာရင်းနှင့်ပတ်သက်၍ မှာကြားချက်များအား ထပ်ဆင့်ပြောကြားခဲ့သည်။ 

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲလင်းဦးက လုံခြုံရေး အထူးဂရုပြုကြစေလိုကြောင်း၊ သတင်းလက်ဦးမှုရစေလိုကြောင်း ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ၎င်းနောက် မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးခင်မောင်ချင်းက ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် မဲဆန္ဒရှင်စာရင်းနှင့်ပတ်သက်သည့် အကြောင်းအရာများနှင့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများ မိမိတို့ဌာန အလိုက်ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မိမိတို့ ရပ်ရွာ အလိုက်ဆောင်ရွက်နေမှုများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)