မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို ရတနာပုံတက္ကသိုလ် (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို ရတနာပုံတက္ကသိုလ် (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်




 

MNP ၊ ဖေဖော်ဝါရီ ၂၂ 

ရတနာပုံတက္ကသိုလ် (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အမရပူရမြို့နယ်ရှိ အဆိုပါတက္ကသိုလ် ပင်မဆောင်ကြီးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီး အစိုးအရအဖွဲ့ဝင် ဝန်ကြီးများ၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဦးဝင်းမောင်၊ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကာ ကျောင်းသား ကျောင်းသူလေးများက ရတနာပုံသီချင်းဖြင့် ဂုဏ်ပြုသီဆို ဖွင့်လှစ်သည်။


အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်က နိုင်ငံတော်အတွက် လိုအပ်သည့် အရည်အချင်းပြည့်မီပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် အဆင့်မြင့်ပညာကဏ္ဍ၊ တက္ကသိုလ်များက အကောင်အထည်ဖော်လျက်ရှိရာ သင်ကြားမှု၊ သင်ယူမှုအတွက်သာမက သုတေသနများ ဆောင်ရွက်ရန် အခွင့်အလမ်းများ ဖန်တီးပေးလျက်ရှိကြောင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ကာ ပညာသင်ဖလှယ်ရေး၊ သုတေသနလုပ်ငန်းနှင့် ဆန်းသစ်တီထွင်မှုများကို အလေးထား ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အရည်အသွေးမြင့်မားရေးအတွက် ခေတ်နှင့်အညီ တိုးတက်ဖြစ်ထွန်းနေသော နည်းပညာများ သိရှိနားလည်တတ်ကျွမ်းစေရန် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပြီး မိမိတို့၏ ပညာစွမ်းအားနှင့် ပေါင်းစပ်ပြီး "ပညာပြည့်ဝ နှလုံးလှ၊ လောကတစ်ခွင် ကောင်းကျိုးဆင်" ဆိုသည့် ရတနာပုံတက္ကသိုလ်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၏ ပြည်သူအကျိုးအတွက် အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက တက္ကသိုလ်နှစ်ပတ်လည် အမှတ်တရစကား ပြောကြားပြီးနောက် (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပြပွဲ ပြိုင်ပွဲများ၊ စာတမ်းဖတ်ပွဲနှင့် သင်တန်းဆင်းပွဲများအတွက် ဂုဏ်ပြုဆုများ ချီးမြှင့်သည်။ 


ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပါမောက္ခချုပ်(ငြိမ်း)များနှင့် တာဝန်ရှိသူများက ရတနာပုံတက္ကသိုလ် (၂၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် လမ်းအမည်ဆိုင်းဘုတ်များ စိုက်ထူကြပြီးနောက် ကျောင်းသား ကျောင်းသူလေးများက တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။ 


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)