MNP - ဖေဖော်ဝါရီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ နောင်ခမ်းအောင်ဆုပန် ပရဟိတ ဘုန်းတော်ကြီးကျောင်းသို့ ခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကျော်ဝင်းလှိုင်နှင့် တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀ နာရီတွင် ဆန်(၁၃)အိတ် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
နောင်ခမ်းအောင်ဆုပန် ပရဟိတဘုန်းတော်ကြီးကျောင်းသည် ပရိယတ္တိစာသင်တိုက်ဖြစ်ပြီး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကို အလယ်တန်းထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကာ ကိုရင်နှင့် သံဃာတော် (၁၄၀)ပါး သီတင်းသုံး နေထိုင်လျက်ရှိကြောင်း သိရှိရသည်။
သတင်း - ယာဆေး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment