MNP - ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် နေရပ်စွန့်ခွာ လာသူများအား ယမန်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်ကြက်ခြေနီမှ ပေးပို့လာသည့် လူသုံးကုန် ပစ္စည်းများအား မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နောင်ကျောကျေးရွာအုပ်စု၊ လင်းလေကျေးရွာ သို့ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်စွန့်ခွာလာသူများအတွက် စောင်၊ ခြင်ထောင်၊ အမျိုးသမီးသုံး ကျန်းမာရေးပစ္စည်းများ၊ မိသားစုသုံးကျန်းမာရေးပစ္စည်းများ၊ ဆိုလာမီးအိမ်များ၊ တာပေါ်လင်(မိုးကာတဲ)များ၊ Mask များ၊ လက်သန့်ဆေးရည်များ စသည့်ပစ္စည်းများကို ဆီဆိုင်မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးမျိုးမင်းဆွေ ဦးဆောင်သော တပ်ဖွဲ့ဝင်များက အိမ်ထောင်စု (၂၄)စု၊ လူဦးရေ(၁၀၈)ဦးအတွက် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း - မျိုးမြတ်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment