ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာ အမျိုးသမီး(၁)ဦးတွင် တွေ့ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာ အမျိုးသမီး(၁)ဦးတွင် တွေ့ရှိ


MNP ၊ ဖေဖော်ဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြည်သူ့ဆေးရုံတွင်  ယမန်နေ့ နေ့လည်ပိုင်းအတွင်း  RDT Test kit စစ်ဆေးမှုအရ ကျောက္ကညာကျေးရွာမှ အမျိုးသမီးတစ်ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးသည် အသက်(၆၄) နှစ်ရှိပြီး ရေဖြူမြို့နယ်၊ ကျောက္ကညာကျေးရွာမှ နေမကောင်းဖျားနာပြီး ကိုဗစ်-၁၉ ရောဂါသံသယဖြင့် ရေဖြူမြို့ ပြည်သူ့ဆေးရုံတွင် RDT Test-Kit ဖြင့် စစ်ဆေးခဲ့ရာမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

 ရေဖြူမြို့နယ်ပြည်သူ့ဆေးရုံတွင် အဆိုပါ အမျိုးသမီးတစ်ဦးအပါအဝင် ယမန်နေ့ နေ့လည်ပိုင်းအထိ ကုသဆဲ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၂)  ဦးရှိကြောင်းသိရသည်။ စုစုပေါင်းရောဂါပိုးတွေ့ရှိသူ (၄)ဦးရှိပြီး (၂)ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်းသိရသည်။

သတင်း - ခတ္တာ(ရေဖြူ)

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)