MNP - ဖေဖော်ဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်နှင့် မြို့နယ်ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများစုပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် တပ်ဖွဲ့များ၊ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်းမှ ဆရာတော်၊ သံဃာတော်၊ ရဟန်း၊ သာမဏေများအတွက် ဆန် (၈)အိတ်ကို ကျောင်းထိုင် ဆရာတော်ထံ သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများမှ ရဟန်း၊ သာမဏေနှင့် သီလရှင်တို့၏ ဆွမ်းဆန်တော်ကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ပခုက္ကူမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန် တော်နှင့် ပဲဆီများအား လစဉ်အလှည့်ကျ ဆက်ကပ်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
သတင်း - ဘာမီသာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment