၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP ၊ ဖေဖော်ဝါရီလ ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရုံးအမှတ် (၃၁)၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးတို့မှ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။


အစည်းအဝေးတွင် ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အဖွင့်အမှာစကား ပြောကြားရာ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနားတို့ကို နှစ်စဉ်ကျင်းပမြဲအစဉ်အလာအတိုင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားပါကြောင်း၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်မှုအနေဖြင့် ပြည်တွင်းဘွဲ့ခံ ရဟန်းတော်အပါး ၂၇၀ ၊ သီလရှင် ၄၁ ပါးနှင့် လူပုဂ္ဂိုလ် ၂၇ ဦး၊ ပြည်ပဘွဲ့ခံ ရဟန်းတော် ၁၂ ပါး၊ လူပုဂ္ဂိုလ်အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃၅၁ ပါး/ဦး ဖြစ်ပါကြောင်း။


အဆိုပါအခမ်းအနားများကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အခမ်းအနားများ ကျင်းပနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးက နာယကအဖွဲ့နှင့် ဦးစီးကော်မတီတို့ကို ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းများစနစ်တကျ ခွဲဝေဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ ၁၁ ခုတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းအပေါ် မူတည်၍ Plan A/ Plan B ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ဆပ်ကော်မတီ ၆ ခု၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဆပ်ကော်မတီ ၅ ခု၊ စုစုပေါင်း ဆပ်ကော်မတီ ၁၁ ခုတို့အနေဖြင့် အပြန်အလှန် ညှိနှိုင်းပေါင်းစပ်ပြီး ကုသိုလ်ယူ ဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။


ထို့နောက် ဆပ်ကော်မတီများက ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲအခမ်းအနား အောင်မြင်စွာ ကျင်းနိုင်ရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြပြီး တင်ပြချက်များအပေါ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ယင်းနောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲတွင် ဆက်ကပ်မည့် ဘွဲ့တံဆိပ် အဆောင်အယောင်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)