အကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေးမ ပန်ဆယ်လို၏ နေအိမ်အား ချိတ်ပိတ်သိမ်းဆည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော်သူ ဝရမ်းပြေးမ ပန်ဆယ်လို၏ နေအိမ်အား ချိတ်ပိတ်သိမ်းဆည်း

 





MNP ၊ ဖေဖော်ဝါရီ 

မဲလိမ်မဲခိုးမှုများကြောင့် NLD အာဏာလက်မဲ့ဖြစ်ခဲ့ရပြီး ဆူပူအကြမ်းဖက်လှုံ့ဆော်မှုများနှင့် ပတ်သက်၍ အစောဆုံး ဝရမ်းထုတ်ခဲ့သူ (၇)ဦးအနက်မှ အကြမ်းဖက်မှုများကို ဦးစီးလုပ်ဆောင်သူ ၈၈ပွင့်လင်းမှ ကိုဂျင်မီအား သေဒဏ်ချမှတ်ခဲ့ပြီး ပြည်ပြေး အကြမ်းဖက်လှုံ့ဆော်သူ အဆိုတော်လင်းလင်း၏ နေအိမ်တိုက်ခန်းအား ချိတ်ပိတ်သိမ်းဆည်းခဲ့သည်။ ထပ်မံ၍ အပျံမဟု ကျော်ကြားသူ ပန်ဆယ်လို၏ နေအိမ်အား ယနေ့ ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

အကြမ်းဖက်လှုံ့ဆော်သူ ၅၀၅-က ဝရမ်းပြေးများဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ မျိုးရန်နောင်သိမ်း၊ မောင်မောင်အေး၊ အင်းစိန်အောင်စိုး တို့၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းခြင်း မရှိသေးသည့်အပေါ် ပြည်သူများကြားတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက "ကျွန်တော်လည်း စောင့်ကြည့်နေတာပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဘာလုပ်မှာလဲ။ NLD အစွန်းရောက်တွေကလည်း လှုံ့ဆော်နေတယ်။ မိုက်ရူးရဲ လေးတွေကလည်း ဆင်ကန်းတောတိုး မိုက်မဲပြီး အကြမ်းဖက်နေတယ်။ ဘယ်နေ့များ တည်ငြိမ်အေးချမ်းမလဲ။ အလားအလာက တည်ငြိမ်အေးချမ်းမှုဘက်ကိုတော့ ဦးမတည်သေးဘူး။ တစ်ဖက်ကလည်း စဉ်းစားစရာ ရှိတာပေါ့။ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုထားပြီး အာဏာသက်ဆိုးရှည်အောင် လုပ်မှာလား။ ကျွန်တော်ကတော့ အဲဒီလို မမြင်ပါဘူး။ သူတို့ရဲ့ မူဝါဒတွေအရ လုပ်လိမ့်မယ်လို့ မြင်တယ်။ အရေးယူဆောင်ရွက်မှု အပိုင်းမှာကြတော့ အားနည်းတာလား။ အချိန်ဆွဲတာလား။ အကဲခတ်ရတာလည်း မလွယ်ပါဘူး။ အဆိုတော်လင်းလင်း ဆိုရင် အစောဆုံး ၅၀၅-က နဲ့ ဝရမ်းထုတ်ခဲ့တဲ့ (၇)ဦးထဲမှာ ပါတယ်။ ၈၈ က ကိုဂျင်မီ ကို ဖမ်းမိတယ်။ လင်းလင်း ကို ဖမ်းမမိပေမယ့် ပိုင်ဆိုင်မှုကို ချိတ်ပိတ်သိမ်းဆည်းတယ်။ ကျန်တဲ့သူတွေကိုကြတော့ရော ဒီအတိုင်းထားမှာလား ဆိုတာ မေးစရာရှိတာပေါ့။ မင်းကိုနိုင်၊ မျိုးရန်နောင်သိမ်း၊ ပန်ဆယ်လိုတို့ဆိုရင် အမေရိကန်ကနေ လှုံ့ဆော်နေတယ်။ အမေရိကန်ကလည်း ဒီအကြမ်းဖက်လှုံ့ဆော်သူတွေကို ပြန်မလွှဲပေးတဲ့အပြင် ရန်ပုံငွေရှာဖွေပွဲတွေ လုပ်ပြီး ပြည်တွင်းက အကြမ်းဖက်အဖွဲ့တွေကိုတောင် ထောက်ပံ့ပေးနေသေးတယ်။" ဟု သုံးသပ်ပြောဆိုသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ NLD လွှတ်တော်အမတ်ဟောင်းများသည် လူငယ်များကို လက်နက်ကိုင်အဖွဲ့များထံ ပို့ဆောင်စေလွှတ်၍ အကြမ်းဖက်သင်တန်း တက်ခိုင်းခြင်း၊ လက်နက်များ ပို့ဆောင်ထောက်ပံ့ပေးခြင်းများကြောင့် ၅၀၅-က ဖြင့် ဝရမ်းထုတ်ခဲ့သည်ကို သတင်းမှန် ပြန်ကြားရေးက ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း အဆိုပါ ဝရမ်းပြေး NLD လွှတ်တော်အမတ်ဟောင်းများ၏ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းခြင်း မရှိသည့်အပေါ်တွင်လည်း ဝေဖန်ပြောဆိုမှုများ မြင့်တက်လျက်ရှိသည်။

အကြမ်းဖက်လုပ်ရပ်များကို မလိုလားသည့် ပြည်သူတစ်ဦးက "ဒီကောင်တွေ ကြီးပွားချမ်းသာနေတာ သွေးရိုးသားမဟုတ်ဘူး။ အကြမ်းဖက်လှုံ့ဆော်မှုတွေ လုပ်ခဲ့တဲ့ လွှတ်တော်အမတ်တွေရဲ့ ပိုင်ဆိုင်မှုတွေကို စိစစ်လိုက်ရင် ပေါ်လာမှာပါ။ အရင်တုန်းက လမ်းဘေးမှာနေတဲ့ ကောင်တွေက လွှတ်တော်အမတ်ဖြစ်တော့မှ ဟိုလူ့ဆီက ခြိမ်းခြောက်တောင်း၊ ဒီလူ့ဆီက မလိမ့်တပတ်တောင်းနဲ့ ခြံတွေဝယ်၊ တိုက်တွေဆောက်၊ ၅နှစ်အတွင်း ချက်ချင်း ကြီးပွားသွားတာတွေဟာ အမြန်ဆုံး စိစစ်ထိန်းသိမ်းသင့်ပါတယ်။" ဟုပြောသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)