မြောက်ဦးခရိုင်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ






MNP ၊ ဖေဖော်ဝါရီ  ၁၉


ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်၌ ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီနှင့် အမျိုးသမီး ကော်မတီ အစည်းအဝေးကိုထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌  ယမန်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြောက်ဦးခရိုင်၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီနှင့် အမျိုးသ မီးကော်မတီ ကို တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ ခရိုင်စီ မံအုပ်ချုပ်ရေး အဖွဲ့ဝင်ရဲမှူးကြီး ခင်မောင်စိုး၊ ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေ နီတပ်ဖွဲ့ဝင်များ၊ မြန်မာ နိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ၊ဌာနဆိုင်ရာများမှ ခရိုင်မှူးများ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကရုဏာလှိုင်း သွေးလှူရှင် များအသင်း၊မြို့မိမြို့ဖများ တက်ရောက်ကြ သည်။


ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီနှင့်အမျိုးသမီးကော်မတီ ဥက္ကဌ ဦးကောင်းမြတ်နိုင်မှ  မြန်မာနိုင်ငံ ၁၉၉၉ ခုနှစ် ကUNCRC ၏ ဥပဒေဖြစ်လာပြီးနောက်တွင်  ၁၉၉၃ ခုနှစ်က Child Of Rights ဉပဒေကို ပြဌာန်းခဲ့သည်။ ယင်းနောက် ကလေး သူငယ်ဆိုသည် မှာ အသက် ၁၆ နှစ် မပြည့်သေးသောသူကိုဆိုသည်၊ လူငယ်ဆိုသည်မှာ အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသောသူကို ဆိုသည့် ကလေးသူငယ် များ အခွင့်အရေးဆိုင်ရာများကို ပြောကြားခဲ့သည်။ပြီးနောက် လူမှုဝန်ထမ်းဦးစီးဌာန မှ  ပြည်နယ် ညွှန်ကြားရေးမှူး ဦးမြင့်ဇော် မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၀၉ခုနှစ်) ပါအရ ယခင် ၁၉၉၃ခုနှစ်၊ ကလေး သူငယ်ဉပဒေ အရ အခန်း (၁၈) ခန်း၊ ပုဒ်မ (၇၅) ခု၊ ယခု ကလေးသူငယ်အ ခွင့်အရေး များ ဆိုင်ရာ ဉပဒေ အရ အခန်း (၃၀) ခန်း၊ ပုဒ်မ (၁၂၁) ခု  ဖြင့် ဆက်လက် ပြဌာန်း ထားသည်။ ကလေး သူ ငယ်အခွင့်အရေးဆိုင်ရာ ဉပဒေ တွင် အမည်၊ စီရင်ပိုင် ခွင့်နှင့်အဓိပ္ပာယ် ဖော်ပြ ချက် စသည့် အခန်း(၁) မှ အခန်း(၃၀)ထိရှင်းလင်း ပြောကြား ခဲ့သည်၊၊ ဆက်လက်၍ အမျိုးသမီးများ နှင့် မိန်းက လေးများ အပေါ်အကြမ်းဖက်မှု များတွင် အကြမ်း ဖက် မှု၏ ဆိုးကျိုးများ ခန္ဓာကိုယ်အနာ တရ ဖြစ်စေ ခြင်း၊ စိတ်ထိခိုက်ကာ စိတ်ဓာတ်ကျခြင်း စသည့် အကြောင်းအရာတို့ကို ရှင်းလင်း ပြော ကြားခဲ့သည်၊၊ 


ဆက်လက်၍ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီနှင့် အမျိုးသမီး ကော်မတီ  အစည်းအဝေးသို့တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အ ဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့်အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။   

                                                                     

သတင်း - မြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)