နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့်ပျိုးပင်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့်ပျိုးပင်များ ထောက်ပံ့ပေးအပ်


MNP - ဖေဖော်ဝါရီ     ၂၆

စစ်ကိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့်ပျိုးပင်များ ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)အချိန်က ခါမ်းပါတ်မြို့ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူး ဦးကျော်စွာဝင်းမှ နာဂဒေသနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းအတွက် မျိုးစေ့နှင့် ပျိုးပင်များ ထောက်ပံပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ သက်ဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ ဒေသခံတောင်သူလယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

"အဓိက ကတော့ ဒေသတွင်း တောင်သူလယ်သမားတွေအနေနဲ့ ရှားပါးသီးနှံအမည်သစ်တွေ ရွေးချယ်စိုက်ပျိုးလာပြီး ဝင်ငွေတိုးတက်တက်စေဖို့နဲ့ စိုက်ပျိုးရေးနည်းပညာ ဗဟုသုတတွေ တိုးတက်လာစေဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်" ဟု တမူးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဆန်းဦး ထံမှ သိရသည်။

အဆိုပါ အခမ်းအနားတွင် စပါးတင်း (၁၀၀) အပါအဝင် အခြားသီးနှံများဖြစ်သည့် ဝဥ၊ လိမ္မော်၊ မျောက်ငိုနှင့် ကွမ်းသီးပျိုးပင်များ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

မြေဆီလွှာဖိုးဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍လည်း "လယ်ယာမြေ ရိတ်သိမ်းပြီးရင် ကောက်ရိုးတွေကို မီးရှို့ဖျက်ဆီးခြင်းအားဖြင့် မြေဆီလွှာကို ပျက်စီးစေသလို အကျိုးပြုပိုး တွေကိုလည်း သေစေတယ်၊ နောက်ပေါင်းသတ်ဆေး ပိုးသတ်ဆေး သုံးတာတွေကလည်း မြေဆီလွှာတွေကို ပျက်စီးစေပါတယ်.. နောက်တစ်ခုက သည်ဓာတ်မြေသြဇာတွေ ဈေးကြီးလာတဲ့ အချိန်မှာ သစ်စိမ်းမြေသြဇာ စိုက်ပျိုးခြင်းကလည်း အကျိုးကျေးဇူး ရရှိစေမှာ ဖြစ်ပါတယ်"ဟု မြေအသုံးချရေးတာဝန်ခံ ဦးမျိုးနိုင်ထံမှလည်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဒေသတွင်းမှ စိတ်ပါဝင်စားသူ (၂၆)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - သားငယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)