မန်းရွှေစက်တော်ဘုရားကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမိဘပြည်သူများ လာရောက် ဖူးမြော် ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန်းရွှေစက်တော်ဘုရားကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးမိဘပြည်သူများ လာရောက် ဖူးမြော် ကြည်ညို

 



MNP - ဖေဖော်ဝါရီ    ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးအား တပို့တွဲ လဆန်း ၅ ရက်နေ့တွင် အကျဉ်းချုံး ဖွင့်လှစ်ပေးခဲ့ပြီးနောက် အပတ်စဉ် စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များ၌ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူး မိဘပြည်သူများက လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားဖူးလာရောက်ကြသူများက ခြေတော်ရာအား ရွှေသင်္ဃန်းကပ်လှူပူဇော်ခြင်း၊ ဥုပုသ် သတင်းသီလ ဆောက်တည်ခြင်း၊ အလှူအတန်းနှင့် ကောင်းမှုကုသိုလ်ပြုလုပ်ခြင်း၊ ပရိတ်/ပဌာန်း ဒေသနာတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ နဂါးစားကျွေး၊ ငါးလွှတ် ကုသိုလ်ပြုခြင်းနှင့် မျောက်စာကျွေးမွေးကြသူများအပြင် မန်းချောင်းအတွင်း ရေချိုးအပန်းဖြေခြင်း၊ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးကြသူများဖြင့် စည်ကားကြောင်း သိရသည်။

“မန်းရွှေစက်တော်ဘုရားကြီးကို တပို့တွဲလဆန်း ၅ ရက်နေ့မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက အကျဉ်းချုံးဖွင့်လှစ်ပေးခဲ့ပြီးတော့ အဲဒီနေ့မှာပဲ ဓာတ်လှေကားနဲ့ မန်းချောင်းအပန်းဖြေဆင်စခန်းကို တစ်ပြိုင်းထဲ စတင်ဖွင့်လှစ်ခဲ့တာပါ။ ဘုရားဖူးတွေကတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံး ပိတ်ရက်တွေမှာ အများအပြား လာရောက်လည်ပတ် အပန်းဖြေတာတွေရှိပါတယ်။ ကိုဗစ်စည်းကမ်း ချက်တွေနဲ့အညီ ဖူးမြော်ခွင့်ပြုထားပြီးတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူး မိဘပြည်သူတွေ အနေနဲ့ နေ့ခင်းဘက် တည်းခိုဆောင်တွေမှာ ငှားရမ်းပြီးနားနေနိုင်ပါတယ်။ တည်းခိုဆောင်မှာ ညအိပ် ဖူးမြော်ခြင်းကိုတော့ ခွင့်မပြုထား ပါဘူး။ ပွဲတော်ကာလမှာ တပို့တွဲလဆန်း ၅ ရက်ကနေ မြန်မာနှစ် ဆန်း ၁ ရက်နေ့အထိဖြစ်ပါတယ်” ဟု မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဝင် အောက်စက်တော်ရာ တာဝန်ခံ ဦးသိန်းလှိုင်က ပြောသည်။

ဘုရားဖူးမိဘပြည်သူများ မန်းချောင်းအတွင်း ရေချိုးအပန်းဖြေရင်း နေ့ခင်းဘက် နားနေနိုင်ရန် အတွက် တည်းခိုဆောင် အလုံး (၉၀)ကျော် တည်ဆောက်ပေးထားပြီး တည်းခိုဆောင်တစ်လုံးကို (၁၀၀၀၀)ကျပ်နှုန်း သတ်မှတ်ထားကြောင်း၊ တည်းခိုဆောင် အတွင် ညအိပ်ဖူးမြော်ခြင်းကို ခွင့်မ ပြုထားဘဲ ရပ်ဝေးမှလာရောက်ကြသူများအနေဖြင့် မန်းရွှေစက်တော်ဘုကြီး ပရဝုဏ်အတွင်းရှိ နီးစပ်ရာ သာသနိက အဆောက်အဦ၊ ဘုန်းတော်ကြီးကျောင်း(ဓမ္မာရုံ)များတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီး ကြောင်း အထောက်အထား လက်မှတ်၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းဖြင့် ဧည့်စာရင်း တိုင်ကြားပြီး ညအိပ်ဖူးမြော်နိုင်ကြောင်း သိရသည်။

သတင်း - မောင်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)