တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်သာသနာ့ဗိမာန်တော်တွင် ပြောင်းရွှေ့ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား မြို့နယ်သာသနာ့ဗိမာန်တော်တွင် ပြောင်းရွှေ့ ထိုးနှံပေး


MNP - ဖေဖော်ဝါရီ    ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက်  ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ယခင်ရွှေဂျိုးဖြူ ခန်းမ၌ ထိုးနှံပေးရာမှ   ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍  အိုးတန်းရပ်ကွက် ရန်ကုန်-ပြည်လမ်းဘေးရှိ မြို့နယ် သာသနာ့ဗိမာန်တော်တွင် ပြောင်းရွှေ့   ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 ထိုသို့  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် ပထမအကြိမ်ထိုးနှံသူ အသက် ၁၈ နှစ်အထက်ပြည်သူ (၂၇၅)ဉီး၊ ဒုတိယအကြိမ်ထိုးနှံသူ အသက် ၁၈ နှစ်အထက်ပြည်သူ (၄၂၉)ဉီး စုစုပေါင်း (၇၀၄)ဉီးတို့ကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းနှင့် ကာကွယ် ဆေးထိုးမှတ်တမ်းတွင် စာရင်းရေးသွင်းစေခြင်း၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ် ဆေးထိုးပြီးချိန်တွင်လည်း နာရီဝက်ခန့် စောင့်ကြည့်၍ လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် ကာကွယ်ဆေး ထိုးနှံပြီးကြောင်း မှတ်တမ်း စာရွက်များအား ပြန်လည်ပေးအပ်ခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းရေးဉီးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ် ရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆောင်ရွက် ပေးခဲ့သည်။

အဆိုပါ သတ်မှတ်စုရပ်နေရာ ပြောင်းရွှေ့၍ ကာကွယ်ဆေးထိုးနှံပေးမှုအခြေအနေအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဉီးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးထိန်လင်းအောင်၊ ဒုတိယဉီးစီးမှူး ဉီးဇော်မင်းထွေးနှင့်အဖွဲ့တို့က လာရောက် ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - စန်းကလျာခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)