အနောက်နိုင်ငံများမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးထားသည့် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနောက်နိုင်ငံများမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးထားသည့် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြော


 မော်စကို၊ ဖေဖော်ဝါရီ ၂၆

ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး လှုပ်ရှားမှုတွင် အနောက်နိုင်ငံများမှ လွန်ခဲ့သည့်လပိုင်းက ယူကရိန်းသို့ ထောက်ပံ့ပေးသည့် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

ရုရှားမှ သိမ်းဆည်းရမိသော လက်နက်များတွင် အမေရိကန်မှ ထောက်ပံ့သည့် Javelin တင့်ဖျက်ဒုံးကျည်စနစ်နှင့် ဗြိတိန်မှ ပံ့ပိုးပေးသည့် အပေါ့စား တင့်ကားဖျက်လက်နက် (NLAW) တို့ ပါဝင်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးစစ်ဆင်ရေးအတွင်း ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်၏ ကွပ်ကဲမှုစခန်းနှင့် ဆက်သွယ်ရေးစခန်း ၁၇ ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် ၁၉ ခုနှင့် ရေဒါစခန်း ၃၉ ခုတို့အပါအဝင် ယူကရိန်းစစ်တပ်အခြေခံအဆောက်အအုံ ၂၁၁ ခုကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  ထို့အပြင် ရုရှားစစ်တပ်က တိုက်လေယာဉ် ၆ စင်း၊ ရဟတ်ယာဉ် ၁ စင်း၊ ဒရုန်း ၅ စင်း၊ တင့်ကား ၆၇ စင်းနှင့် အခြားသံချပ်ကာယာဉ်များ၊ ဒုံးပစ်လောင်ချာ ၁၆ စင်း၊ စစ်ဘက်ဆိုင်ရာ အထူးယာဉ် ၈၇ စင်းနှင့် စစ်သင်္ဘော ၅ စင်းတို့ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရုရှားစစ်တပ်က ယူကရိန်းရှိ Sumy နှင့် Konotop မြို့များကို ပိတ်ဆို့ထားသည်ဟု ဆိုသည်။


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)