ပျော်ဘွယ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျော်ဘွယ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


MNP - ဖေဖော်ဝါရီ     ၁၉

ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများစုပေါင်း၍ ဖွဲ့စည်းခဲ့သော အငြိမ်းစားဝန်ထမ်းများ နာ‌ရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အသင်းဉက္ကဋ္ဌ ဦးရဲမြင့် က မိမိတို့အသင်းသည် ငွေကြေးနှင့်ဆက်နွယ်နေသည့်အတွက် အထင် အမြင်လွဲမှားမှုမဖြစ်ပေါ်စေရန်နှင့်အသင်းဝင်များ ယုံကြည်အားကိုးမှုဖြစ်ပေါ်ရေး၊ အကူအညီတောင်းခံလာပါက ကူညီဖြေရှင်းပေးနိုင်ရေး၊ စာရင်းဇယားများတိကျမှန်ကန်စွာ ထိန်းသိမ်းထားနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

ပျော်ဘွယ်မြို့နယ်အတွင်း ဖွဲ့စည်းခဲ့သော အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်းတွင် အသင်းဝင် စုစုပေါင်း (၁၂၀၀)ဦးခန့်ရှိကြောင်း၊ နာရေးဖြစ်ပေါ်ပါက ယနေ့အချိန်ကာလတွင် တစ်ဦးလျှင် ငွေကျပ်(၁၆၀၀၀၀) ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - မင်းမင်းထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)