ကျောက်မဲခရိုင်၊ အ‌ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ခရိုင်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲခရိုင်၊ အ‌ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါ စတုတ္ထလှိုင်း ကာကွယ်ရေးနှင့်ထိန်းချုပ်ရေး ခရိုင်အဆင့် အလုပ်ရုံ ဆွေးနွေးပွဲ ဆောင်ရွက်

 


MNP - ဖေဖော်ဝါရီ    ၂၁

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီ အချိန်ကစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပလျက်ရှိကြောင်း သိရသည်။

 အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျောက်မဲခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်မြင့်ဦးက ဦးဆောင် ကျင်းပ‌ဆောင်ရွက်ခဲ့ ပြီး အလုပ်ရုံဆွေးနွေးပွဲသို့ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောက်မဲမြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ပရဟိတအသင်း အဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို   ၂ ရက်တာ ကျင်းပသွားမည်ဖြစ်‌ပြီး ဆွေးနွေးပွဲမှ ရရှိလာသည့် နည်းလမ်းများဖြင့် အစီအမံများ‌ ရေးဆွဲ၍ ကိုဗစ်-၁၉မျိုးကွဲ အိုမီခရွန်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ကျောက်မဲခရိုင်အတွင်း ထိရောက်စွာ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မိုင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)