MNP - ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက်က ကိုဗစ် ကူးစက်မှုများ မရှိစေရေး ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်တွင် မြိုနယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာများ ကိုဗစ်ကော်မတီဝင်များ ဆေးရုံဝန်ထမ်းများက ရန်ကုန်ပြန် ခရီးသည်များကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ RTDစနစ်ဖြင့် စစ်ဆေးပေးပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ ဘက်စုံ စုပေါင်းကွန်ယက်(ဝါးခယ်မ) လူမှု့ရေးအသင်းအဖွဲ့များ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။
သတင်း - ရီရီလွင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment