ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာ မြှင့်တင်ရေး ဆွေးနွေးပွဲတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာ မြှင့်တင်ရေး ဆွေးနွေးပွဲတက်ရောက်




MNP - ဖေဖော်ဝါရီ     ၁၇

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများ အသိပညာ မြှင့်တင်ရေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။ 

ဆွေးနွေးပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အမျိုးသားစာရင်းအင်းစနစ် ခိုင်မာအားကောင်းရန် အထူးလိုအပ်လှပါကြောင်း၊ တိကျ မှန်ကန်သော စာရင်းအင်း အချက်အလက်များကသာ ပိုမိုကောင်းမွန်သည့် မူဝါဒများ၊ လက်တွေ့ကျသည့် စီမံကိန်းများ ထိရောက်အကျိုးရှိသည့် သယံဇာတခွဲဝေမှုများကို ဖြစ်ပေါ်စေပြီး စောင့်ကြည့်လေ့လာ အကဲဖြတ်မှုများ ဆောင်ရွက်အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ အမျိုးသားစာရင်း အင်းစနစ် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ဗဟိုစာရင်းအင်းအဖွဲ့နှင့် အတူ စာရင်းအင်းအချက်အလက်များ ပံ့ပိုးရသည့် ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များက အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော်က မြန်မာနိုင်ငံ၏ စာရင်းအင်း စနစ်၊ စာရင်းအင်းဖွံ့ဖြိုးမှုအတွက် ပါဝင်ပတ်သက်သူများ၊ စာရင်းအင်းဆိုင်ရာဖွံဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ အကောင်အထည်ဖော်ခြင်း၊ စာရင်းအင်းဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ၊ တားမြစ် ချက်များ၊ ဗဟိုစာရင်းအင်းအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ စာရင်းအင်းဆိုင်ရာ အကြီးအမှူး၏ လုပ်ငန်း တာဝန်များ၊ နည်းပညာပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် ဗဟိုကော်မတီ၏ အတည်ပြုချက်ရယူခြင်း အစရှိသော စာရင်းအင်းဥပဒေနှင့် နည်းဥပဒေများအား ရှင်းလင်တင်ပြပြီး တက်ရောက်လာသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကာ ကရင်ပြည်နယ် စာရင်းအင်းအချက်အလက် မှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)