သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် ရာခိုင်နှုန်း (၅၄.၄၄)ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် ရာခိုင်နှုန်း (၅၄.၄၄)ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ



MNP - ဖေဖော်ဝါရီ    ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းများကို ယနေ့နံနက် (၉)နာရီက မြို့လယ်ဓမ္မာရုံ ဆေးထိုးစုရပ်တွင် ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် သီပေါမြို့နယ်အတွင်းရှိ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ထိုးနှံပေးခြင်း၊ ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးခြင်း နှင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသော နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူနှင့် ပြည်သူ (၅၉၆၂၅)ဦး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူနှင့် ပြည်သူ (၃၂၁၄၉)ဦး၊ ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေးထိုးနှံသည့် နိုင်ငံ့ဝန်ထမ်း (၂၈၄)ဦးရှိပြီး တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပြီးသည့် ရာခိုင်နှုန်း (၅၄.၄၄)ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှှု်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)