ဘီးလင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်များ အနားယူစေခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘီးလင်းမြို့နယ် သံဃနာယကအဖွဲ့ဝင်များ အနားယူစေခြင်း၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားကျင်းပ




MNP - ဖေဖော်ဝါရီ     ၁၈

သထုံခရိုင်၊ ဘီးလင်းမြို့နယ် သံဃနာယကအဖွဲ့၏ (၂၅)ရာခိုင်နှုန်း အနားယူခြင်းနှင့်အစားထိုး ရွေးချယ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့နယ် ကင်းရွာကျေးရွာ ဘုရားလေးစာသင်တိုက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်းသိရသည်။ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက် လာကြသော ဆရာတော်အရှင်သူမြတ်များနှင့် လူပုဂ္ဂိုလ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး  ပြည်နယ် သံဃနာယက အဖွဲ့ (ဥက္ကဋ္ဌ)  ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသက သဘာပတိအဖြစ် သြဝါဒကထာ မိန့်ကြားခဲ့သည်။ ယင်းနောက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းက မြို့နယ်အတွင်း ဆောင်ရွက်နေသည့် သာသနာရေး ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ လျှောက်ထားပြီး လှူဖွယ်ဝတ္တုများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့မှ  (၂၅)ရာခိုင်နှုန်း အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်း အဆင့်ဆင့်ကို ဆောင်ရွက်ရာ ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက် ပုညသုခိတာရုံကျောင်း ဆရာတော် ဒေါက်တာပညာသာမိ (ဥက္ကဋ္ဌ)၊ ဗိုလ်တေဇရပ်ကွက်၊ စစ်ကိုင်းစာသင်တိုက်ကျောင်း ဆရာတော် ဘဒ္ဒန္တသောပါက(ဒု-ဥက္ကဋ္ဌ)၊ ဆရာစံရပ်ကွက်၊ တောင်ပေါ်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိမလ (အကျိုးတော်ဆောင်)နှင့် ကော့ကဒွတ်ကျေးရွာ၊ နန်းဦးကျောင်း ဆရာတော်ဘန္ဒန္တသုမန (တွဲဘက်အကျိုးတော်ဆောင်) အမှူးရှိသောဆရာတော် (၉)ပါးတို့အား ဆန္ဒမဲပေးကာ အစားထိုးရွေးချယ် ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် သံဃနာယကအဖွဲ့(ဥက္ကဋ္ဌ)  ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ(မရမ်းကုန်းရပ်ကွက်)၊ မော်လမြိုင်မြို့နှင့် အကျိုးဆောင်ဆရာတော်များ၊ ဘီးလင်းမြို့နယ် သံဃနာယကအဖွဲ့ (ဥက္ကဋ္ဌ)  ဆရာတော်ဘန္ဒန္တစန္ဒိမာ၊ ဘုရားလေးကျောင်း တိုက်(ကင်းရွာ)နှင့် မြို့နယ်ရပ်ကွက်၊ ကျေးရွာသံဃနာယကအဖွဲ့ဝင်များ၊ မွန်ပြည်နယ် သာသနာရေးမှူး ဦးသန့်ဇင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသိုက်ထွန်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း - ထူးနောင်ဘီးလင်း

မြန်မာနေရှင်နယ်ပို့စ်

 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)