စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေး


MNP - ဖေဖာ်ဝါရီ     ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား စလင်းပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမဆောင်နှင့် စုရပ်အသီးသီးတို့တွင် ဖေဖေါ်ဝါရီလ၂၄ရက် နံနက်၉နာရီအချိန်က ကျန်းမာရေးဝန်ထမ်းများက ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ထိုးနှံပေးလျက်ရှိကြာင်း သိရှိရသည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့်စုရပ်အသီးသီးတို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆးများကို ထိုးနှံရာ၌မြို့နယ် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနေလင်းနိုင်၏ကြီးကြပ်မှု၊ အထွေထွေအုပ်ချုပ်ရေးမှူး စာရေး ဝန်ထမ်းများမှ စာရင်မှတ်တမ်းများများရေးသွင်းခြင်း၊ သက်ဆိုင်ရာရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေး ဆရာဆရာမများ ပူးပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမဆောင်၊ ကြူဝန်းကြီး ကျေးလက်ကျန်းမာရေး ဆေးပေး ခန်းနှင့် စုရပ်အသီးသီးတို့တွင် ထိုးနှံလျက်ရှိပြီး အကြာင်းအမျိုးမျိုးကြောင့် သွားလာရန်အခက်အခဲရှိသူများနှင့် သက်ကြီးဘိုးဘွား များ အဆင်ပြေစွာထိုးနှံနိုင်ရေးအတွက် ကျေးရွာများသို့နယ်လှည့် ကွင်းဆင်းပြီး ထိုးနှံဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။ ယနေ့နံနက်ပိုင်အထိ ၃၇၅ ဦးထိုးနှံပြီးစီးခဲ့သည်။ အဆိုပါ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းအား တစ်မြို့နယ် လုံး ဆေးထိုးနှံမှုရာနှုန်းပြည့် အပြည့်အဝထိုးနှံပြီးစီးရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီးကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိ သည့် ဒေသခံပြည်သူများကိုလဲ ဆေးထိုးစုရပ်များအလိုက် မဖြစ်မနေထိုးနှံ ကြရန် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက အသံချဲ့ စက်များဖြင့် အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်း - မောင်လွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)