သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်


MNP ၊ ဖေဖော်ဝါရီ ၂၇

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊သံတွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ မွန်းလွှဲပိုင်းက မြို့ပေါ် ရပ်ကွက်နှင့်‌ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ကှိဗစ်-၁၉  ရောဂါသည်  ယခု အချိန်တွင် ဗီဇပြောင်း မျိုးကွဲ သစ် အိုမီခရွန် အဖြစ် ကူးစက် ပြန့်ပွားလျက်ရှိရာ မိဘပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ် နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌ သာနေ ထိုင်ကြရန်၊ ပြင်ပမှဧည့် သည်များလက်မခံရန်နှင့် အခြားသူများထံသွား ရောက်ခြင်း မပြုရန်၊  အပြင်ထွက်ပါက ပါးစပ်၊နှားခေါင်းစည်း(mask)ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာဆေးကြောရန်၊လူထူထပ်သည့် နေရာများသို့ သွားရောက် ခြင်းမှရှောင်ကြဉ်ရန်၊နှာခေါင်း စည်း (mask)မတပ်ဆင်ထားသော သူများ နှင့်တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ် ခြင်းမှ ရှောင်ကြဉ် ရန်၊ မိမိနေအိမ်အခန်းများကို လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှ ပြန်လာတိုင်း နှာခေါင်းစည်း(mask) များကို စနစ်တကျစွန့်ပစ်ရန်၊ နှင့် ကျန်းမာရေးဝန်ကြီးဌာန မှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ အတိုင်းလိုက်နာကြရန် စသည့် အသိပေး နိူးဆော်ခြင်းများ ပြုလုပ် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရပါသည်။

                                                                                                                  

သတင်း - မေမွန်ထွဋ်

https://t.me/MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)