သာကေတမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များ ရွေးချယ်ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာကေတမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များ ရွေးချယ်ဖွဲ့စည်း


MNP - ဖေဖော်ဝါရီ    ၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များရွေးချယ်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ ညနေ (၅)နာရီ အချိန်က အောင်မော်စံစာသင်တိုက် တွင် ကျင်းပပြုလုပ်ခဲ့ရာ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်များ၊  သာကေတ မြို့နယ် သံဃာဝန်ဆောင် အဖွဲ့ဝင်ဆရာတော်များ၊ ခရိုင်သာသနာရေးမှူး ဦးဌေးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်တို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဆရာတော် ဘဒ္ဒန္တဂရုဝံသာဘိဝံသက အစည်းအဝေးကိုကြွရောက်လာသည့် သံဃာဝန်ဆောင်ဆရာတော်များ၏ အရေအတွက် ကို ဖတ်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ထို့နောက် ဆရာတော် (၇)ပါးကို သာကေတမြို့နယ် သံဃနာယကအဖွဲ့အဖြစ် လုပ်ထုံးလုပ်နည်းများနှင့် အညီ ရွေးချယ်ခဲ့သည်။

သာကေတမြို့နယ် သံဃနာယကအဖွဲ့တွင် ဥက္ကဋ္ဌဆရာတော်အဖြစ် ဘဒ္ဒန္တသောဘန (အောင်မော်စံကျောင်းတိုက်)၊ သံဃာဝန်ဆောင်နှင့် အကျိုးတော်ဆောင်ဆရာတော်အဖြစ် ဘဒ္ဒန္တကောမလ (ညောင်ရိပ်သာကျောင်းတိုက်)၊ အဖွဲ့ဝင်ဆရာတော်များအဖြစ် ဘဒ္ဒန္တအစ္ဆရိယ (အတွင်းပတ္တမြားသစ် ကျောင်းတိုက်)၊ ဘဒ္ဒန္တတေဇိန္ဒ(ဧရာဝဏ်ကျောင်းတိုက်)၊ Dr ဘဒ္ဒန္တအာစိဏ္ဍ (ဆုလဘ်ပြည့်ဗုဒ္ဓ ဝိဟာရကျောင်းတိုက်)၊ ဘဒ္ဒန္တဥက္ကံသ (အောင်မြေပုလဲ ကျောင်းတိုက်)၊ ဘဒ္ဒန္တသုန္ဒရပီယ(ရတနာပုံ ကျောင်းတိုက်) တို့အား ရွေးချယ်ပွဲကြီးကြပ်ရေး အဖွဲ့ဝင်ဆရာတော် များက ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

သတင်း - ဆောင်းနှင်းဖြူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)