ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ


MNP - ဖေဖော်ဝါရီ    ၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသား အလွတ်တန်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း မိုးလုံလေလုံ အားကစားရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးမှ ၂၀၂၂ ခုနှစ် အတွင်း မြို့နယ် အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပေးရခြင်းနှင့် အားကစားကဏ္ဍဆိုင်ရာများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းမှ အားကစားနည်းဆိုင်ရာ သိကောင်းစရာနှင့် အားကစား နည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ၂၀၂၂ ခုနှစ်မြို့နယ် အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် ဆုရရှိသူ များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ရာ ပထမဆုရရှိခဲ့သော အသင်းအား ဆုကလဒ်နှင့် ငွေသား ဆုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးဦးနှင့် ဆုတံဆိပ်အား မြို့နယ်လဝကဦးစီးအရာရှိ ဦးတင်ထွန်းမှ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ ဒုတိယဆုရရှိခဲ့သည့် အသင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြဟန်မှ ဆုတံဆိပ် ပေးအပ်ချီးမြှင့် ပေးခဲ့ပြီးငွေသားဆုအား မြို့နယ်အားကစားမှူး ဒေါ်ဖြိုးစန္ဒာဝင်းမှ ပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အမျိုးသားအလွတ်တန်း ပိုက်ကျော်ခြင်းပြိုင် ပွဲဆုပေးပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင် ပရိတ်သတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - ဌေးလှိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)