မော်လိုက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ခရိုင်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကျင်းပပြုလုပ်

 


MNP - ဖေဖော်ဝါရီ     ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂)ကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် က အစည်းအဝေးခေါ်ယူပြုလုပ်ရခြင်းနှင့် မော်လိုက်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုး ဖြစ်ပွားနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မော်လိုက်မြို့နယ်နှင့် ဖောင်းပြင်မြို့နယ်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါထိန်းချုပ်၊ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ပိုးတွေ့ ရှိမှု အခြေအနေများ၊ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု အခြေအနေများ၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား လျော့ချနိုင်ရေး အတွက်တို့ကို ဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များကလည်း ဖြည့်စွက်ဆွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် မော်လိုက်မြို့ပေါ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် တပ်နယ်(အလကခွဲ) အပါအဝင် စာသင်ကျောင်း (၇)ကျောင်းတို့အား ဖေဖော်ဝါရီလကုန်အထိ ယာယီပိတ်ထားရန်၊ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဖေဖော်ဝါရီ (၂၅)ရက်နေ့အထိ ကျေးရွာမှ မြို့ပေါ်သို့ ကျန်းမာရေးကိစ္စမှလွဲ၍ လာရောက်ခြင်း မပြုရန်၊ စားသောက်ကုန်၊ ကုန်စိမ်း၊ ဟင်းသီးဟင်းရွက်နှင့် ဆေးဝါးဆိုင်များသာ နေ့လည်(၁)နာရီထိ ရောင်းချသွားရန်၊ အလှူ၊ ပွဲလမ်းသဘင်နှင့် လူစုလူဝေးဖြင့် ပြုလုပ်ရသည့် ပွဲလမ်းများကို ဖေဖော်ဝါရီ (၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်ခွင့် ခွင့်မပြုရန်နှင့် နာရေးကိစ္စများကို လူအနည်းဆုံးဖြင့်သာ ဆောင်ရွက်ခွင့်ပြုသွားရန်၊  မြို့ပေါ်အတွင်း ပါးစပ်၊ နှာခေါင်း စည်းများ စနစ်တကျတပ်ဆင်ခြင်းမရှိဘဲ သွားလာနေသူများအား ထိရောက်စွာအရေးယူ ဆောင်ရွက်ရန် စသည်တို့အား ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အစည်းအဝေးသို့ ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မော်လိုက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး ဖောင်းပြင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက Zoom ဖြင့် အွန်လိုင်းမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - မော်လိုက်သားလေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)