ရေးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ


MNP - ဖေဖော်ဝါရီ     ၁၈

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် ဆိုင်ရာ   အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ပိုင် က ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဖြစ်စဉ်များ၊   အယ်(လ)နီညိုနှင့်  လာနီညာဆိုင်ရာ သိကောင်းစရာများ၊ မုန်တိုင်းဖြစ်စဉ် မုန်တိုင်းဘေးအတွက်   သတ်မှတ်ထားသည့် အရောင်ငါးမျိုးဆိုင်ရာ သိကောင်းစရာများ အကြောင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်သဉ္ဇာအောင်က  မွန်ပြည်နယ်အတွင်း အဖြစ်များသည့် ဘေးအန္တရာယ်များနှင့်  သတိပြုရမည့်အချက်များ၊ ဘေးအန္တရာယ် ၈ မျိုးနှင့် ကြိုတင် ကာကွယ်ရမည့် နည်းလမ်းများစသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လိုက်နာရမည့်   ကျန်းမာရေးဆိုင်ရာ  အချက်တို့ကို  ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ဟောပြောဆွေးနွေးခဲ့ပြီး အသိပညာပေး လက်ကမ်း စာစောင်များကို ဝေငှပေးခဲ့သည်။

အဆိုပါဟောပြောပွဲ့သို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ‌/ဆရာမများနှင့် ကျောင်းသား ကျောင်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်သိမ့်သိမ့်ရည်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)