လေးမျက်နှာမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များရွေးချယ်ဖွဲ့စည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေးမျက်နှာမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များရွေးချယ်ဖွဲ့စည်း

 


MNP - ဖေဖော်ဝါရီ    ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်သံဃနာယက အဖွဲ့ဝင် ဆရာတော်များရွေးချယ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂:၀၀)နာရီ အချိန်က အင်းဝဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်များ၊  လေးမျက်နှာမြို့နယ် သံဃာဝန်ဆောင် အဖွဲ့ဝင်ဆရာတော်များ၊ ခရိုင်သာသနာရေးမှူး ဦးသိန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲရင့်နောင်နှင့် အဖွဲ့ဝင်များ၊ လေးမျက်နှာမြို့နယ် သာသနာရေးမှူး ဦးကျော်မင်းဦးတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းသံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တကောသလ္လက အစည်းအဝေးကို ကြွရောက်လာသည့် သံဃာဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။ ထို့နောက် ဆရာတော် (၉)ပါးကို လေးမျက်နှာမြို့နယ် သံဃနာယကအဖွဲ့အဖြစ် လုပ်ထုံး လုပ်နည်းများနှင့် အညီ ရွေးချယ်ခဲ့သည်။

လေးမျက်နှာမြို့နယ် သံဃနာယကအဖွဲ့တွင် ဥက္ကဋ္ဌဆရာတော်အဖြစ် ဘဒ္ဒန္တစက္ကိန္ဒ (ယွန်းကျောင်း၊ အိုင်သပြု)၊ ဒု-ဥက္ကဋ္ဌ ဆရာတော်အဖြစ် ဘဒ္ဒန္တကုဏ္ဍလ (ညောင်ပင် ကျောင်းတိုက်)၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ် ဘဒ္ဒန္တဝိဇယ (အင်းဝကျောင်းတိုက်)၊ တွဲ-အကျိုးတော်ဆောင်ဆရာတော်အဖြစ် ဘဒ္ဒန္တဝဏ္ဏသိရီ (ရှမ်းရွာတာတွင်းကျောင်းတိုက်)၊ အဖွဲ့ဝင် ဆရာတော်များအဖြစ် ဘဒ္ဒန္တကုသလ (စမ်းကုန်းကျောင်းတိုက်)၊ ဘဒ္ဒန္တဇောတိက (ရွှေက ညင်ပင်ကျောင်းတိုက်)၊ ဘဒ္ဒန္တကဝိန္ဒ (တုံးတောကျောင်းတိုက်)၊ ဘဒ္ဒန္တဣန္ဒါစာရ (အသောကာရုံ ကျောင်းတိုက်)၊ ဘဒ္ဒန္တဥတ္တမ(နိဗ္ဗာန်ကျောင်းတိုက်) တို့အား ရွေးချယ်ပွဲကြီးကြပ်ရေး အဖွဲ့ဝင် ဆရာတော်များက ရွေးချယ်ခဲ့ကြကြောင်း သိရသည်။

သတင်း - ကျော်ဟိန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)