ရှမ်းပြည်နယ် အမျိုးသမီး အေရိုးဗစ်အသင်း အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ် အမျိုးသမီး အေရိုးဗစ်အသင်း အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်ပွဲကျင်းပ




MNP - ဖေဖော်ဝါရီ    ၂၀

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၂၅)နှစ်အောက် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ် အေရိုးဗစ်အသင်းအား အောင်နိုင်ရေး အလံပေးအပ်ခြင်းကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်ခန့်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ် လေ့ကျင့်ရေး အားကစားရုံအတွင်း၌ ပြုလုပ်ခဲ့သည်။

အမျိုးသမီး အေရိုးဗစ် အသင်းအောင်နိုင်ရေး အလံပေးအပ်ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ် အေရိုးဗစ်အသင်းအား ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်ဥမ္မာနေထွန်းမှ အောင်နိုင်ရေးအလံပေးအပ်ကာ အားပေးစကားပြောကြားပြီး နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်/နည်းပြနှင့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ကို အသင်းသို့လည်းကောင်း၊ တောင်ကြီးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မေရီမိုးမှ အုပ်ချုပ်/နည်းပြနှင့် နေပြည်တော်သို့ ဒိုင်အဖြစ် လိုက်ပါဆောင်ရွက်မည့် အုပ်ချုပ်မှုအဖွဲ့များသို့ ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၃၀၀၀၀ဝိ/- အား လည်းကောင်း၊ တောင်ကြီးမြို့နယ် တာဝန်ခံ ဦးအောင်ပြည့်ဖြိုးမှ တောင်ကြီးမြို့နယ် အသင်းမှ အရွေးချယ်ခံရသော ကစားသမား (၅)ဦးအား တစ်ဦးလျှင် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် ၅၀၀၀ဝိ/- စီအားလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြ သည်။

ထို့နောက် ရှမ်းပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်)အသင်းမှ ပြိုင်ပွဲဝင်အားကစားသမားများက ၅ ဦးတွဲ၊ ၃ ဦးတွဲ၊ ၁ ဦးချင်း စိတ်ကြိုက်အကများဖြင့် သရုပ်ပြသခဲ့ကြောင်း သိရှိရသည်။

သတင်း - အေးအေးစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)