မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုရှိ ဝမ်ပြန်ကျေးရွာမှ ဝမ်အင်ကျေးရွာ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စုရှိ ဝမ်ပြန်ကျေးရွာမှ ဝမ်အင်ကျေးရွာ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး




MNP - ဖေဖော်ဝါရီ     ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(ပ)၆လအတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မိုင်းလုံးကျေးရွာအုပ်စု၊ ဝမ်ပြန်ကျေးရွာမှ ဝမ်အင်ကျေးရွာ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းနေမှုကို ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဝမ်ပြန်ကျေးရွာမှ ဝမ်အင်ကျေးရွာ ကျေးရွာချင်းဆက်ကျောက်ချောလမ်း(၁)မိုင်ကို နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်(ပ) ၆လအတွင်း ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၁၇၀ ဒဿမ ၇၁၃ သန်းဖြင့် မင်းမြန်မာထွန်းကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး အချိန်မီပြီးစီးနိုင်ရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးလွင်နှင့် တာဝန်ရှိသူတို့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - ယဉ်ယဉ်ဝင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)