ချမ်းအေးသာစံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ထပ်ဆောင်း ကာကွယ်ဆေး-Booster) COVODXIN ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချမ်းအေးသာစံ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ထပ်ဆောင်း ကာကွယ်ဆေး-Booster) COVODXIN ထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၅

မြန်မာနိုင်ငဲရဲတပ်ဖွဲ့ဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ထပ်ဆောင်း ကာကွယ်ဆေး-Booster) COVODXIN ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွှဲ ၂နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်၊ ၆၆ လမ်း၊ ၃၀လမ်းနှင့် ၃၁ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲသူရိန်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(ထပ်ဆောင်း ကာကွယ်ဆေး-Booster)COVODXIN ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး Dr.လင်းလင်းချစ် ဦးစီးသော ကျန်းမာရေးဝန်ထမ်း(၇)ဦးမှ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကာကွယ်ဆေးကို တိုင်းရဲတပ်ဖွဲ့/ တိုင်းအကူရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၃၂၅)ဦး၊ မှုခင်းရဲတပ်ဖွဲ့မှ (၄၂)ဦး၊ လူကုန်တားရဲတပ်ဖွဲ့မှ (၂၂)ဦး ကာကွယ်ဆေး-Booster ထိုးနှံနိုင်ခဲ့ပါကြောင်း သိရသည်။

သတင်း - ထိပ်ထားနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)