ဗဟန်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး Booster Dose (ပထမအကြိမ်)ဆက်လက်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ်၌ ကိုဗစ်ကာကွယ်ဆေး Booster Dose (ပထမအကြိမ်)ဆက်လက်ထိုးနှံ



MNP - ဖေဖော်ဝါရီ    ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီး (၆)လနှင့် အထက်ရှိသူများ၊အသက် (၅၀)နှစ် အထက် နိုင်ငံ့ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကို ယမန်နေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်၊ ကြား တောရလမ်းရှိမင်္ဂလာဈေးဓမ္မာရုံတွင် ရုရှားနိုင်ငံထုတ် Booster Dose ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို နိုင်ငံဝန်ထမ်းစုစုပေါင်း(၂၀၀)ဦးအား ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ကိုဗစ်_၁၉ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကိုမြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက အပူချိန် တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီ ဂျင်ပါဝင်မှုပမာဏတိုင်းတာပေးခြင်း၊ ရောဂါအခံရှိ၊ မရှိမေးမြန်းခြင်းတို့ကို ဆောင်ရွက်ပေးပြီးမှ သာကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျန်းမာရေး၀န္းထမ်းများက စနစ်တကျ ကာကွယ်ဆေးများထိုးနှံပေးကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးလာရောက် ထိုးနှံကြသူများကို၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း၊ အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူပေါင်း၍ ဆေးထိုးနှံရန်လာကြသူများကို အဆင် ပြေချောမွေ့စွာ ကာကွယ်ဆေးထိုးနှံနိုင်ရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသည်။

အဆိုပါ ကာကွယ်ဆေးလာရောက် ထိုးနှံသူများအား ပုံမှန်အနေအထားရှိသူများကိုသာ ဆေးထိုးပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည် ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံသူစုစုပေါင်း(၅၀၀) ဦးရှိပြီးဖြစ်ရာ ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)