ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး


MNP -  ဖေဖော်ဝါရီ     ၁၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်‌ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ထိုးနှံ‌ပေးလျက်ရှိရာ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးကာ ၆ လပြည့်ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများအား တတိယအကြိမ် (ထပ်ဆောင်း) ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ကဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍  မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်း ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကာ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံခြင်း ၆ လပြည့် ပြီးသူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose အဖြစ် ရုရှားနိုင်ငံထုတ် (Sputink) ကာကွယ်ဆေးများအား ဝန်ထမ်း ၂၀၀ ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရည်။

သတင်း - ဝေယံ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)