ကျိုက်ဒုံမြို့၌ ဌာနဆိုင်ရာဝန်ထမ်း (၆၃) ဦးအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ဒုံမြို့၌ ဌာနဆိုင်ရာဝန်ထမ်း (၆၃) ဦးအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေး



MNP - ဖေဖော်ဝါရီ    ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက တိုက်နယ်ဆရာဝန် ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျိုက်ဒုံမြို့ဌာန ဆိုင်ရာ ဝန်ထမ်း (၆၃) ဦးအား ကာကွယ်ဆေး (Booster Dose) ထိုးနှံ ပေးခဲ့ကြောင့် သိရသည်။

သတင်း - သန်းထွန်းနိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)