ကမ‌မောင်းမြို့၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ‌မောင်းမြို့၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံ



MNP - ဖေဖော်ဝါရီ     ၂၄

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ‌မောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး သူများအား ကိုဗစ်၁၉ ထပ်ဆောင်း ကာ ကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့်သူများအား တာဝန်ရှိသူများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင် ပါဝင်မ ပမာဏ တိုင်းတာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက  စာရင်းမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပေးကာ ကျန်မာရေး ဝန်ထမ်းများက ပုံမှန်အခြေအနေရှိသောသူ (၁၆၄)ဦးတို့အား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံ ပေးမှုကို မြို့စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်း‌ကျော်သူနှင့် အဖွဲ့ဝင်တို့က လှည့်လည် ကြည့်ရှု စစ်ဆေးပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကမ‌မောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများအား  သတ်မှတ်စုရပ်များ၌ ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သတင်း - ခင်စန်းမြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)