ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးနေမှုအား လှည့်လည်ကြည်ညို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီး ဆရာတော်ကြီးများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးနေမှုအား လှည့်လည်ကြည်ညို

 




MNP ၊ ဖေဖော်ဝါရီ  ၂၅

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ် ဝန်ကြီးများ၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်(စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့သာသနာ့ဗိမာန်တော်၌ ယနေ့ မွန်းလွဲပိုင်းက စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVAXIN)အား Booster Dose ထိုးနှံပေး နေမှုအားလှည့်လည် ကြည်ညိုအားပေးသည်။

ရှေးဦးစွာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ လောကာန္ဒာစေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံရန် ကြွရောက်တော်မူကြသော စစ်တွေမြို့ပေါ်မှ ထေရ်ကြီး၊ ဝါကြီး ဆရာတော် ကြီးများအား လှည့်လည် ကြည်ညို ဖူးမြော်ပြီး အာဟာရဖြည့်အဖျော်ရည်များနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆရာတော်ကြီးများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVAXIN)အား ထိုးနှံနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်း မပြုမီစစ်တွေတပ်နယ်မှ ဆေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများက ဆရာတော်ကြီးများအား စာရင်းဇယားကောက်ယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင် ပါဝင်မှုပမာဏတိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး ပုံမှန်အနေအထားရှိမှသာကာကွယ် ဆေးထိုးနှံပေးခြင်းဖြစ်ကာ ဆေးထိုးနှံပြီးနောက်တွင်လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွင့်ပြု ကြောင်းသိရ သည်။


ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီး ၂၈ ရက်အကြာ တွင် ဒုတိယအကြိမ် ပြန်လည်ထိုးနှံသွားရမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း - တင်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)