သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ဆက်လက်ထိုးနှံပေး

 





MNP - ဖေဖော်ဝါရီ     ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး ခြင်းကို ယနေ့၊ နံနက် ၉ နာရီမှနေ့လယ် ၁၂ နာရီအချိန်အထိ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင်  ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထပ်ဆောင်း Booster Dose လာရောက်ထိုးနှံသည့် ဝန်ထမ်းများနှင့် ပြည်သူများအား ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်းများ ပြုလုပ်ပြီး အလှည့်ကျ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster ထိုးနှံပေးသည်။

ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အနားယူစေပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေး ဌာနဝန်ထမ်းများနှင့် တာဝန်ရှိသူများက ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

သရက်ချောင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် အိန္ဒိယနိုင်ငံ ထုတ် Covaxin ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစ၍ ထိုးနှံပေးခဲ့ရာ ယနေ့အထိ (၁၄၁) ဦး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နန်းခလိုက် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)