ကျောက်တန်းမြို့နယ်အတွင်းရှိ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများအား Booster Dose အပိုဆောင်း ကာကွယ်ဆေးများ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တန်းမြို့နယ်အတွင်းရှိ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများအား Booster Dose အပိုဆောင်း ကာကွယ်ဆေးများ ထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ    ၁၈

ရန်ကုန်‌တိုင်းဒေသကြီး တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်း ပပျောက်ရေးနှင့် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသက်(၅၀) နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများအား Booster Dose အပိုဆောင်းကာကွယ်ဆေးများကို ကျောက်တန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံတွင် ယမန်နေ့နံနက် ၉ နာရီ အချိန်မှ စတင်ကာ ထိုးနှံပေးလျှက် ရှိပါသည်။

ထိုသို့ထိုးနှံပေးရာတွင် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး (၆)လပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ကိုထိုးနှံပေးခဲ့ကြောင်း သိရသည်။  ထိုသို့ ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ တစ်ဌာနချင်းအလိုက် တစ်ဦးနှင့်တစ်ဦး ၃ ပေကွာမှနေ၍ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ ‌သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိသူများအား ဆေးထိုးနှံပြီး မိနစ် ၃၀ အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းသိရသည်။

ကျောက်တန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကိုနိုင်ငံ့ဝန်ထမ်းများကို ထိုးနှံပေးပြီး ဆေးထိုးရန်ကျန်ရှိနေသည့် ပြည်သူများကိုလည်း ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ၆ လပြည့်သူများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - အိသန္တာချို

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)