ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးဖြစ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဂျပန်နိုင်ငံထုတ် Convaxin ဆေးအား ထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးတစ်လုံးလျှင် ဝန်ထမ်း (၁၀) ဦးနှုန်းဖြင့် ထိုးနှံပေးလျက် ရှိသည်။ ယင်းနောက် ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ဝန်ထမ်းများအား ကြက်ခြေနီတပ်ဖွဲ့ဝင်များက သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းများ ဆောင်ရွက်ကာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပုံမှန်အခြေအနေ ရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးထားသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်း (၄၄၄၁) ဦးရှိကာ ၎င်းတို့အား ဖေဖော်ဝါရီ (၁၈)ရက် နေ့မှ စ၍ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်မှအပ ကျန်ရှိသည့် ဝန်ထမ်းများကို လမ်းညွှန်ချက်များနှင့်အညီ စုရပ်တစ်ခု၌ သတ်မှတ်နေရာများခွဲ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)