ဆင်‌ပေါင်ဝဲမြို့နယ်၌ သံဃာတော်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်‌ပေါင်ဝဲမြို့နယ်၌ သံဃာတော်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး COVISHIELD ထိုးနှံပြီးသည့် (၆)လအထက်ရှိသူများ၊ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုဘွားများ၊ ပညာရေးဝန်ထမ်းများ၊ မြန်မာနိုင်င ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရဟန်းသံဃာများအား ကိုဗစ်-၁၉ရောဂါ အန္တရာယ်ကင်းဝေးစေရေးအတွက် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲအချိန်ကသံဃာတော်များအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် သံဃာတော်များအား မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်းနှင့် အချိုရည်ဘူးများ လှူဒါန်းဆက်ကပ်ခဲ့ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီမှ လိုအပ်သည့်ဆေးဝါးများအား လှူဒါန်းခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)