ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ဌာနဆိုင်ရာဝန်ထမ်း များအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ဌာနဆိုင်ရာဝန်ထမ်း များအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး




MNP - ဖေဖော်ဝါရီ     ၁၉

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်း ကို  ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ဂျပန်နိုင်ငံထုတ် Convaxin ဆေးအားထိုးနှံပေး ခြင်းဖြစ်ပြီး ကာကွယ်ဆေးတစ်လုံးလျှင် ဝန်ထမ်း (၁၀) ဦးနှုန်းဖြင့်ထိုးနှံပေးလျက်ရှိသည်။ ယင်းနောက်  ကာကွယ်ဆေးထိုးရန်လာရောက်ကြသည့် ဝန်ထမ်းများအား ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများဆောင်ရွက်ကာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးထားသည့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း  (၄၄၄၁) ဦးရှိကာ ၎င်းတို့အား ဖေဖော်ဝါရီ (၁၈)ရက် နေ့မှစ၍ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးလျှက်ရှိပြီး လာရောက်ထိုးနှံ သည့်ဝန်ထမ်း(၇၁၀)ဦးရှိသည်။ ယင်းအပြင် ဆေးထိုးရန်ကျန်ရှိသည့်ဝန်ထမ်းများကိုလည်း လမ်းညွှန် ချက်များနှင့်အညီ စုရပ်တစ်ခု၌ သတ်မှတ်နေရာများခွဲ၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မူး တင်အောင်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ကြည့်ရှုစစ်ဆေးပြီး အားပေးစကားများပြောကြားခဲ့ ကြောင်း သိရှိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း]

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)