တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးသူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်  အိုမီခရွန် (Omicron)ဖြစ်ပွားမှုမှ  ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့နှင့်တပ်ကုန်းတပ်နယ်မှ ဆေးထိုးအဖွဲ့တို့ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံထားပြီးသော မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းနှင့်ပြည်သူများအား (Booster Dose) ထပ်ဆောင်း ထိုးနှံပေးခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အောင်ဆန်းခန်းမ၊ ဆေးထိုးစုရပ်တွင် ထိုးနှံပေးလျက်ရှိသည်။

ထို(Booster Dose) ထပ်ဆောင်းထိုးနှံခြင်းတွင် ကျန်းမာရေးဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို အမည်စာရင်းကောက်ယူစာရင်းသွင်းခြင်း၊ ကျန်းမာရေးညွှန်ကြားချက် များနှင့်အညီ ဆေးမထိုးနှံမီ ဆောင်ရွက်ရမည့်လုပ်ငန်းများဆောင်ရွက်ကြပြီး၊ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေး၍ ကာကွယ် ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့် အနားယူစေရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ယနေ့ ထိုးနှံပေးသည့် ကာကွယ်ဆေးအမည်မှာ  (Sputnik Light) ကိုဗစ်ရောဂါကာကွယ်ဆေးဖြစ်ပြီး၊(Booster Dose)ထပ်ဆောင်းဆေးထိုးရန် ကျန်ရှိသူများကိုလည်း နေ့စဉ်ဆေးထိုးစုရပ်တွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်စိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)