MNP - ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဗဟို အ.မ.က(မူလွန်)ကျောင်း၌ ထိုးနှံပေးကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် အိန္ဒိယနိုင်ငံထုတ် COVAXIN အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက လိုအပ်သည်တို့ကို ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။
သတင်း - ဝေယံဖြိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment