သထုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် အသက်(၆၅)နှစ် အထက်ရှိသူများအား ထပ်ဆောင်း Booster Dose ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် အသက်(၆၅)နှစ် အထက်ရှိသူများအား ထပ်ဆောင်း Booster Dose ထိုးနှံပေး



MNP - ဖေဖော်ဝါရီ    ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် အသက်(၆၅)နှစ်အထက်ရှိသူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက်ရှိ ရဟန်းသံဃာတော်များ၊ လူပုဂ္ဂိုလ်များ ၂၅ ဦးခန့်တို့ လာရောက်ထိုးနှံခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose အဖြစ် COVISHIELD ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူများ စေတနာ့ဝန်ထမ်းများက လိုအပ်သည် တို့ကို ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြသည်။

အဆိုပါနေ့ ထိုးနှံပေးရာတွင် အသက်(၆၅)နှစ်အထက်ရှိသူများအား ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းအပြင် ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ၊ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများတို့အား ဆဋ္ဌမသုတ်(ဒုတိယအကြိမ်)နှင့် သတ္တမသုတ် (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(COVISHIELD) ဆက်လက်ထိုးနှံပေးခြင်းတို့ကို သတ်မှတ် အစီအစဉ်များအတိုင်း စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုကိုဦး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)