အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ရုံးဝန်ထမ်းအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ရုံးဝန်ထမ်းအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေး

 



MNP - ဖေဖော်ဝါရီ     ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Covid Shield နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ဆရာမများနှင့် ရုံးဝန်ထမ်း များအား ဂျပန်နိုင်ငံထုတ် Convaxin ဆေးအားထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေး တစ်လုံး လျှင် ဝန်ထမ်း (၁၀) ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိသည်။ ယင်းနောက် ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် ဝန်ထမ်းများအား မီးသတ် တပ်ဖွဲ့ဝင်များက သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်းနှင့် သွေးပေါင်ချိန်တိုင်းတာ ပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများ ဆောင်ရွက် ကာ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ပုံမှန်အခြေအနေရှိသူများကိုသာ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိသည်။

ကျောက်ဖြူမြို့နယ်တွင် ထပ်ဆောင်း ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး Booster Dose ကို ဖေဖော်ဝါရီ(၁၈)ရက်နေ့မှစ၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ပြန်လည် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ(၁၉)ရက်နေ့အထိ လာရောက်ထိုးနှံသူ ကျန်းမာရေးဝန်ထမ်း (၃၁၀)ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၈၀ ဦး၊ ပညာရေးဝန်ထမ်း (ဆရာ၊ဆရာမ) (၁၉)ဦး၊ အသက်(၅၀) နှစ်နှင့်အထက် အခြားနိုင်ငံ့ဝန်ထမ်း(၁၅)ဦး၊ အသက်(၆၅)နှစ်နှင့်အထက်ပြည်သူ (၃)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၅၂၃)ဦး၊ စုစုပေါင်း ထပ်‌ဆောင်ကာကွယ်ဆေး Booster Dose လာရောက်ထိုးနှံပြီးသူ ၁၁၅၀ ဦးရှိပြီး ယနေ့တွင် ပညာရေးဌာနမှ ဝန်ထမ်းများအား ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မူးတင်အောင်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ကြည့်ရှု့ စစ်ဆေးပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်းသိရှိရသည်။

သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)