မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး Boosters Dose ထပ်ဆောင်း ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေး Boosters Dose ထပ်ဆောင်း ထိုးနှံပေး



MNP -  ဖေဖော်ဝါရီ   ၂၄

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်သူ များအနက် သတ်မှတ်ထားသည့် ဦးတည်အုပ်စုများအား အပိုဆောင်း ကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်းကို ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု လွှမ်းခြုံနိုင်ရေးနှင့် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရေး စဉ်ဆက်မပြတ်နှိုးဆော် ဆောင်ရွက် ပေးလျက်ရှိရာ ယခင်က ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံခဲ့ပြီး ခြောက်လပြည့်မြောက်သူများအား အပိုဆောင်းကာကွယ်ဆေးများကို ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဦးတည်အုပ်စုများဖြစ်သည့် ကျန်းမာရေးဝန်ထမ်း ၃၀ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၅ ဦး၊ နိုင်ငံဝန်ထမ်း ၁၄ ဦး၊ ပညာရေး ဝန်ထမ်း ၂၁ ဦး၊ အသက် ၆၅နှစ်နှင့်အထက် ပြည်သူ ၉ ဦး၊ စုစုပေါင်း ၉၉ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ထပ်ဆောင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

သတင်း - ဝတ်ရည်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)