ကျိန္တလီမြို့၌ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်း(Boster Dose)ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ နိုင်ငံ့ဝန်ထမ်း မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထပ်ဆောင်း(Boster Dose)ဆက်လက်ထိုးနှံပေးလျက်ရှိ




MNP - ဖေဖော်ဝါရီ    ၁၉

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Covid Shield) (၂)ကြိမ် ထိုးနှံပြီးဖြစ်သော နိုင်ငံ့ဝန်ထမ်းမိသားစုနှင့် အသက်(၆၅)နှစ် အထက်ပြည်သူများအား တိယအကြိမ် ထပ်ဆောင်း(BosterDose)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ ညနေ့ (၃)နာရီအချိန်ထိ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ဆေးထိုးစုရပ်တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျိန္တလီမြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ နိုင်ငံ့ဝန်ထမ်း မိသားစုနှင့် အသက်(၆၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တိယအကြိမ် ထပ်ဆောင်း(BosterDose)ထိုးနှံပေးလျက်ရှိရာ သံဃာတော်(၁၁)ပါး၊ နိုင်ငံ့ဝန်ထမ်း(၅)ဦး၊ စေတနာ့ ဝန်ထမ်း(၁၉) ဦး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးဝန်ထမ်း(၄)ဦး၊ အခြားဝင်ငွေရှိသောလုပ်ငန်းလုပ် ကိုင်သူ(၂၆)ဦး၊ နိုင်ငံ့ဝန်ထမ်းမိသားစု(၅၅)ဦး  စုစုပေါင်း(၁၂၀) ဦးအား ထိုးနှံ ပေးနိုင်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန်ရောက်ရှိလာသော ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ် စည်းကမ်းချက်များနှင့်အညီ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လူစုလူဝေးမဖြစ်ပေါ်စေရန် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ခိုင်မိုးမင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)