ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရ-ကိုးပင် လမ်းမိုင် ၈၆/၅-၈၆/၆ အတွင်းရှိ ပျက်စီးနေသော Box Culvert ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆင်ပေါင်ဝဲမြို့နယ်၊ သာဂရ-ကိုးပင် လမ်းမိုင် ၈၆/၅-၈၆/၆ အတွင်းရှိ ပျက်စီးနေသော Box Culvert ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

 


MNP - ဖေဖော်ဝါရီ    ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက် ၁၁ နာရီအချိန်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆) လဘတ်ဂျက်တွင် မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် သာဂရ-ကိုးပင်လမ်းမိုင် ၈၆/၅-၈၆/၆ အတွင်းရှိ ပျက်စီးနေသော Box Culvert ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

အဆိုပါ Box Culvert အား (၅ပေ×၅ပေ×၄၀ပေ) RCC Box Culvert အဖြစ် အဆင့်မြှင့်တင် ပြန်လည် တည်ဆောက်လျက်ရှိရာ  မြို့နယ်လမ်းဦးစီးဌာန၏ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက် (၁၇.၀၀) သန်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)